
မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှု ဆက်ရှိနေသလို အအေးလည်း အနည်းငယ် ပိုနေမည်
ကပ္ပလီ ပင်လယ်ပြင်က တိမ်တိုက် အချို့ဖြတ်လာ သလိုအရှေ့လေပွေလှိုင်းနဲ့ အတူ တိမ်တိုက် တချို့ပါလာပြီး မြန်မာနိုင်ငံ အပေါ်မှာ စုဆုံပြီး မိုးရွာနေတဲ့ အနေအထား ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ခုရက်ပိုင်း အတွင် မြန်မာနိုင်ငံဒေသအနှံ့ အပြားအေးနေမှုမှာ အအေးပိုနေမှုကြောင့် မဟုတ်ဘဲ မိုးအေးလို့ အေးနေတဲ့ အနေအထားဖြစ်ပြီး လာမယ့်ရက်ပိုင်း အတွင်း မိုးရွာသွန်းမှု ဆက်ရှိနေမှာ ဖြစ်သလို အအေးလည်း ပိုနေမယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။
လာမယ့် နှစ်ရက်၊ သုံးရက်လောက် အထိ မိုးရွာသွန်းမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရန်ကုန်၊ ဧရာဝတီတို့မှာ လျော့နည်းမှာ ဖြစ်ပြီး ရှမ်း၊ တနသာင်္ရီ၊ မွန်၊ ကရင်၊ ကယားတို့မှာ မိုးရွာသွန်းမှု နည်းနည်း ကျန်ရှိမှာ ဖြစ်လို့လည်း ဆက်ပြော ပါတယ်။
Eleven Burma
Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment