
ကချင်ဒေသ တိုက်ပွဲ တခုမှာ သေဆုံး သွားတဲ့ တပ်မတော်သား သီဟသူရ အောင်သိန်းရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူး ထားတဲ့ အညတရ မိုးကောင်းကင် ရုပ်သံ ဇာတ်ကားမှာ မင်းသား ဝေဠုကျော်၊ နေဒွေး၊ မင်းသမီး အေးမြတ်သူနဲ့ ဆောင်းဝတ်ရည်မေ တို့က ပါဝင် သရုပ်ဆောင် ထားပါတယ်။
ဒီဇာတ်ကားကို မတ် ၂၇ ရက်မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)နဲ့ ဝေဠုကျော်တို့က ရိုက်ကူးထားတာပါ။
မင်းသား ဝေဠုကျော်ကတော့ အရက်အလွန်အကျွန်သောက်ပြီး စစ်ထောင်ကျ သွားပြီးနောက်ဘဝကို ပြန်ကြိုးစားသူ တပ်ကြပ်ကြီး ရဲသွေးအဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။
အညတရ မိုးကောင်းကင် ဇာတ်ကားကို မတ် ၂၃ ၊ ၂၅ နဲ့ ၂၆ ရက်တွေမှာ စစ်တပ်ပိုင် မြ၀တီရုပ်သံချယ်နယ်က ထုတ်လွှင့် ပြသပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/140895

No comments:
Post a Comment