Speech by Migrant Worker
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် မကြေငြာသေးပေမယ့် လက်ရှိ ထုတ်ပြန်တဲ့ မဲစာရင်းတွေ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲအများဆုံး အနိုင်ရတဲ့ အပေါ် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေက ကျေနပ် အားရနေကြပါတယ်။
NLD ပါတီအပေါ် သူတို့ရဲ့ ယုံကြည် မျှော်လင့်ထားတွေကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား စုစုပေါင်း ၄ သန်းကျော်ရှိတဲ့အနက် ဦးရေ နှစ်ရာ ကျော်သာ မဲပေးနိုင်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာသံရုံး စာရင်းအရ သိရကြောင်းပါ။
Dateline Irrawaddy (10.11.2015)
ဒီတစ်ပတ် ဒိတ်လိုင်းအစီအစဉ် ကတော့ ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ ပိုပီးရှုပ်ထွေး လာနိုင်မလား? ဒါမှမဟုတ် ပိုပီးနူးညံ့သိမ်မွေ့ လာနိုင်မလား ဆိုတာကို ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုး၊မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ အောင်မိုးဇော်တို့ကဆွေးနွေး ထားကြတာဖြစ်ပါတယ်။
From : irrawaddynews - YouTube
Original link - https://www.youtube.com/channel/UCgEI7TvwuNGVGpd1M0icWJQ
No comments:
Post a Comment