
Dateline Irrawaddy
ဒီတစ်ပတ် ဒိတ်လိုင်း အစီအစဉ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံ ခဲ့ပါတယ်။
အဲ့ဒီ တွေ့ဆုံပွဲမှာ စည်းကမ်းနဲ့ ဥပဒေကို တိတိကျကျ လိုက်နာဖို့နဲ့ ပြည်သူတွေနဲ့ တစ်သားထဲ ဖြစ်ဖို့ အတွက်ကို အဓိက ပြောကြား ခဲ့ပါတယ်။
သူ့အနေနဲ့ ဘာကြောင့် အခုလိုပြော ရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနိုင်ရ ကိုယ်စားလှယ် (၂) ဦး
ဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စာလှယ် ကိုနေဘုန်းလက် တို့က ဆွေးနွေး ထားကြတာ ဖြစ်ပါတယ်။
From : irrawaddynews - YouTube
Original link - https://www.youtube.com/channel/UCgEI7TvwuNGVGpd1M0icWJQ






No comments:
Post a Comment