သတင်းများ၊ ရုပ်ရှင်များ၊ သီချင်းများ မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 21, 2015

ရုပ်ရှင် အကြို ခံစားခြင်း (Woodlawn)




ဒီနေ့အတွက်တော့ အမေရိကန် Football ကစားသမား တိုနီနေသန် အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ အားကစား ဒရာမာ ဇာတ်ကားသစ် အကြောင်း ဖော်ပြပေး လိုက်ပါတယ်။ ရုပ်ရှင် ၀က်ဘ်ဆိုက် ဖြစ်တဲ့ Rottentomatoes ကတော့ ရာနှုန်းပြည့် ထောက်ခံ ပေးထားပြီး ပရိသတ်ကတော့ ၉၂ ရာခိုင်နှုန်း ထောက်ခံထားတဲ့ ဇာတ်ကားလေးပါ။

၁၉၇၃ ခုနှစ် မြင်ကွင်းနဲ့အတူ အမေရိကန်ပြည်ထောင်စု အယ်လ်ဘာမားပြည်နယ်၊ ဘာမင်ဟမ်မြို့ရှိ ၀ုဒ်လောန် အထက်တန်းကျောင်းက အာဖရိကန်-အမေရိကန် ကျောင်းသားတွေဟာ အသား အရောင်ခွဲခြားမှုဝါဒကို တိုက်ဖျက်နိုင်ဖို့အရေး လိုလားနေကြပါတယ်။ အဲဒီကျောင်းသားတွေထဲမှာ Football ပါရမီရှင် အာဖရိကန်-အမေရိကန်ကျောင်းသားလေး တိုနီနေသန်လည်း အပါအ၀င် ဖြစ်ပါတယ်။

လူဖြူလူမည်းခွဲခြားမှု ပြဿနာနဲ့ တစ်မြို့လုံးအနှံ့ ဆူပူအုံကြွမှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေဖြစ်နေပြီး ၀ုဒ်လောန်ကျောင်းထဲမှာလည်း လူမျိုးခြားမုန်းတီးဖိနှိပ်မှုတွေ၊ အမုန်းတရားတွေများနေတာကြောင့် ကျောင်း Football နည်းပြ တန်ဒီဂါရဲလ်ဟာ သူ့အသင်းသားတွေ အချင်းချင်း အမုန်းတရားတွေမထားဖို့နဲ့ ညီညီညွတ်ညွတ်ရှိစေဖို့ ကြိုးပမ်းခဲ့ရပါတယ်။

စေ့စပ်ညှိနှိုင်းဖို့ ခက်နေပြီး အမုန်းတရားတွေပြည့်နေတဲ့ သူ့ကျောင်းသားတွေရဲ့ စိတ်ကို ငြိမ်းအေးစေပြီး ကောင်းတဲ့အပြောင်းအလဲဖြစ်စေဖို့အတွက် ဂါရဲလ်ဟာ ဟန့်ခ်ဆိုသူကို သူ့အသင်းသား တွေနဲ့ တွေ့ပေးခဲ့ပါတယ်။ ဟန့်ခ် ဟာ ဘာသာရေးဆွေးနွေးပွဲတွေ လုပ်ရင်း ချစ်ခြင်းမေတ္တာနဲ့ မျှော် လင့်ချက်တွေကတစ်ဆင့် ဘ၀မှာ အပြောင်းအလဲကြီးပြောင်းလဲမှု တွေ ကြုံထားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးက ခရစ် တော်ရဲ့ အဆုံးအမတွေနာခံမှုနဲ့ ဘာသာရေး ယုံကြည်ချက်တွေ ကြောင့် အပြောင်းအလဲတွေကြုံ ရတာကို ရိုက်ကူးတင်ဆက်ထား တာကြောင့် တခြားဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာခံယူချက်တွေကိုပါ ပရိသတ်တွေလေ့လာခွင့်ရမှာပါ။

အသားအရောင်ခွဲခြားမှုပြဿနာနဲ့ အမုန်းပွားနေတဲ့ ကျောင်း သားတွေကို အေးငြိမ်းသွားအောင်၊စည်းလုံးသွားအောင် ဟန့်ခ်က ဘယ်လိုစည်းရုံးနိုင်ခဲ့တာလဲ။ အ မေရိကန်တွေရော၊ အာဖရိကန် တွေရောပါတဲ့ Football အသင်း က စူပါကစားသမား တိုနီနေသန် က ဘယ်လိုထူးခြားတဲ့သူမို့ ဇာတ် အိမ်ဖွဲ့ရိုက်ကူးရတာလဲဆိုတာ ခံ စားကြည့်ရှုရင်း အကဲဖြတ်ကြည့် ရအောင်ပါ။

ဒီဇာတ်လမ်းမှာတော့ ရှောင်အက်စ်တင်၊ နစ်ဘစ်ရှော့ပ်၊ ခေးလက်ဘ်ကက်စတစ်လ်၊ ဂျွန်ဗွိုက်စတဲ့ သရုပ်ဆောင်တွေပါဝင်ထားပါတယ်။

7day daily news

Original link -http://www.7daydaily.com/story/49090

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment